ယခုတွင် အားလုံးအတူတကွ
သြစတြေးလျနိုင်ငံ၊ ပါ့သ်မြို့၌ နီကောလပ်(စ်) တေလာ တစ်ယောက် မီးရထားပေါ်လှမ်း တက်လိုက်စဉ် လူသွားစင်္ကြံနှင့် မီးရထားကိုယ်ထည်ကြား လွတ်နေသောနေရာလေး၌ ခြေထောက်ညှပ်သွားသည်။ လုံခြုံရေးအရာရှိများက သူလွတ်သွားအောင် မစွမ်းဆောင် နိုင်၊ သို့နှင့် အခြားခရီးသည် အယောက် ၅၀ ခန့်ကို တန်းစီစေပြီး တစ် နှစ် သုံး ရေကာ မီးရထားကို ပြိုင်တူတွန်းပေးရန် အကူအညီတောင်းခဲ့သည်။ ထိုသို့ တညီတညွတ်တည်းတွန်းလိုက်ရာ တေလာ၏ ခြေထောက် ဆွဲထုတ်နိုင်ခဲ့တော့သည်။
ကနဦးအသင်းတော်များသို့ ရေးသားပေးပို့သော စာများ၌ တမန်တော်ရှင်ပေါလုက ခရစ်ယာန်တို့ အတူတကွ လုပ်ဆောင်မှု၏ တန်ခိုးအစွမ်းကို အသိမှတ်ပြုခဲ့သည်။ ခရစ်တော်သည် သူတို့ကိုလက်ခံသည်နည်းတူ အချင်းချင်းကို
လက်ခံကြရန် ရောမမြို့ရှိ ယုံကြည်သူများကို ရှင်ပေါလု တိုက်တွန်းခဲ့သည်။ "သင်တို့သည် ငါတို့သခင် ယေရှုခရစ်၏ ခမည်းတော် ... ဘုရားသခင်ကို တညီတညွတ်တည်း နှုတ်မြွက်၍ ချီးမွမ်းစေခြင်းငှာ ယေရှုခရစ်၏…
ရှင်းလင်းသောအမြင်
နယူးယော့၌ ကြီးပြင်းခဲ့သူ ယုဒလူငယ်လေး မိုက်ကယ်ဘရောင်းသည် ၀ိညာဉ်ရေးရာကို စိတ်ဝင်စားမှုမရှိ၊ သူ့ဘ၀တစ်လျှောက် ဒရမ်မာသမားအဖြစ်ကျင်လည်ရင်း မူးယစ်ဆေး
စွဲခဲ့သည်။ သို့သော် မေတ္တာနှင့် သူ့အတွက်ဆုတောင်းပေးနေသူများရှိသည့် အသင်းတော်သို့ သူ့သူငယ်ချင်းများက သူ့ကိုခေါ်သွားသည်။ ၀ိညာဉ်ရေးပိုင်း၌ အခိုက် အတန့်မျှ ရုန်းကန်အဖြေရှာပြီးနောက် မိုက်ကယ်သည် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် လက်ခံခဲ့သည်။
၎င်းသည် ထိန်းကျောင်းရခက်သည့် လူငယ်လေး တစ်ဦး၏တကယ့်ပြောင်းလဲမှုကြီးပါ။ တစ်နေ့တွင် ဓမ္မဟောင်း
ကျမ်းစာ၌ သခင်ယေရှုအကြောင်း ဖော်ပြထားသည်ဟု ကြားမိကြောင်း သူ့ဖခင်ကိုပြောရာ သူ့ဖခင်က မယုံနိုင်စွာဖြင့် 'ဘယ်မှာလဲ' ဟုမေးသည်။ မိုက်ကယ်က သူ့ကျမ်းစာအုပ်ကို ဖွင့်လိုက်စဉ် ဟေရှာ ၅၃ ကို ဖွင့်မိရက်သား ဖြစ်သွားသည်။ ထိုကျမ်းပိုဒ်ကို သားအဖ နှစ်ဦးသားဖတ်ပြီး 'သူပဲ၊ သူပဲ၊ အဲဒါ ယေရှုပဲ' ဟု မိုက်ကယ် တအံ့တသြဆိုခဲ့သည်။
ဓမ္မသစ်ကျမ်း၌ သခင်ယေရှုအကြောင်းကို ကျွန်ုပ်တို့ဖတ်ရှုရသည်။ …
ငါ့ထံသို့ပြေးလာကြ
ကျွန်မတို့အိမ်အနီးရှိပန်းခြံထဲတွင် ကျွန်မနှင့်ကလေးများ လမ်းလျှောက်နေရင်း လွှတ်ထား
သည့် ခွေးနှစ်ကောင်နှင့် ပက်ပင်းတိုးခဲ့သည်။ ခွေးတစ်ကောင်က ကျွန်မ သားကို ခြောက်လှန့်နေသည်ကို ပိုင်ရှင်က သိပုံမပေါ်ပါ။ သားလေးက ခွေးကို မောင်းထုတ် သော်လည်း ထိုခွေးက တိုး၍နှောင့်ယှက်နေသည်။
တဖြည်းဖြည်းနှင့် သားလေး ကြောက်လာသည်။ သားက အတော်ဝေးဝေး ပြေးသွားသော်လည်း ခွေးက ဆက်လိုက်နေပြန်သည်။ ‘‘အမေ့ဆီပြေးလာခဲ့’’ ဟု ကျွန်မ မအော်မချင်း ခွေးက ပြေးလိုက်နေသည်။ သားလေးပြန်လှည့်လာပြီး စိတ်ငြိမ်လာတော့မှ ခွေးက အခြားနေရာသို့ သွားရောက်နှောင့်ယှက်ပြန်တော့သည်။
အသက်တာတွင် ဘုရားသခင်က ကျွန်မတို့အား ‘‘ငါ့ဆီပြေးလာခဲ့’’ ဟု ပြောနေချိန်များရှိသည်။ ကျွန်မတို့၏ ခြေကို တစ်စုံတစ်ရာက နှောင့်ယှက်နေသည်။ ပို၍ မြန်မြန် ဝေးဝေးပြေးလေလေ ထိုအခက်အခဲများက ပို၍ နီးကပ်စွာ လိုက်လာလေလေဖြစ်သည်။ ကျွန်မတို့ ရုန်းမထွက်နိုင်ပါ။ မိမိဖာသာ ပြန်လှည့်ပြီး အခက်အခဲများကို …
ပြောင်းလဲရန် ရွေးချယ်ခြင်း
ကျွန်မသားလေးသည် စက်ရုပ်လေးတစ်ရုပ်ကို ပိုင်ဆိုင်ရသောအခါ စက်ရုပ်လေးကို သူခိုင်း၍ရသော ပရိုဂရမ် ထည့်ပေးထား၍ သူပျော်ရွှင်ခဲ့သည်။ စက်ရုပ်လေး ရှေ့တိုးအောင်၊
ရပ်အောင်၊ သူ့နေရာသူ ပြန်သွားအောင် စေခိုင်း၍ ရသည်။ စက်ရုပ် အသံမြည်အောင်၊ ဆူညံသံထွက်ပေါ်လာအောင် စေခိုင်း၍ ရသည်။ သားလေးစေခိုင်းသမျှ စက်ရုပ်လေးက တစ်သွေမတိမ်းလုပ်ဆောင်ပေးသည်။ အစီအစဉ်မရှိဘဲ သူ့အလိုလိုရယ်မောခြင်း၊ လမ်းကြောင်း ပြောင်းခြင်းများ မရှိပါ။ ၎င်းတို့၌ ရွေးချယ်စရာလမ်း မရှိပါ။
လူသားများကို ဘုရားသခင် ဖန်ဆင်းရာ၌ စက်ရုပ်များ ကဲ့သို့ ဖန်ဆင်းခဲ့ခြင်းမဟုတ်ပါ။ သူ၏ပုံသဏ္ဌာန်တော်နှင့် အညီ ကျွန်မတို့ကို ဘုရားဖန်ဆင်းခဲ့သည်။ အဓိပ္ပာယ်မှာ ကျွန်မတို့ တွေးခေါ်ဆင်ခြင်သုံးသပ်နိုင်သည်။ ဆုံးဖြတ်ချက်ချနိုင်သည်။ အမှားနှင့်အမှန်ကို ရွေးချယ်ပိုင်ခွင့်ရှိသည်။ ဘုရားသခင်ကို နာခံမှုမရှိသည့်အကျင့်ကို ရွေးချယ်လုပ်ဆောင်ခဲ့သည်တိုင် အသက်တာကို ပြန်လည်ဦးလှည့်ရန် ရွေးချယ်ဆုံးဖြတ် နိုင်ခွင့်ရှိသည်။
ဣသရေလလူတို့သည် ၎င်းတို့ ဘုရားသခင်နှင့်ပြဿနာတက်နေကြောင်း သိမြင်လာသောအခါ ဘုရားက ၎င်းတို့အား…
တစ်သက်တာအမာခံပရိသတ်
အိုကလာဟိုးမားမှ ၁၂ နှစ်အရွယ် သူငယ်လေး ကိတ်ပုတ် သည် အမေရိက အမျိုးသား ဘောလုံးအဖွဲ့ချုပ် (NFL) ရှိ အသင်းများ၏ အမှုဆောင်တစ်ဦးချင်းစီထံသို့ သူ့လက်ရေးနှင့်ရေးသော စာပေါင်း ၃၂ စောင်ကို စာတိုက်မှပေးပို့ခဲ့သည်။ `ကျွန်တော်နဲ့ ကျွန်တော့်မိသားစုက ဘောလုံးအားကစားကို ကြိုက်နှစ်သက်ကြတယ်။ အပျော်တမ်းဘောလုံးကစားကြပြီး စနေတနင်္ဂနွေနေ့တိုင်း ဘောလုံးပွဲကြည့်ကြတယ်။ ... ကျွန်တော်တို့ တစ်သက်လုံး အားပေးမဲ့ NFL အသင်းတစ်သင်းကို ရွေးချယ်ဖို့ အသင့် ရှိနေတယ်´´ ဟု စာထဲတွင် ကိတ် က ရေးသားထားသည်။
ကယ်ရိုလိုင်းနား ကျားသစ်နက် ဘောလုံးအသင်း
ပိုင်ရှင် ဂျယ်ရီရစ်ချက်ဆန် က သူကိုယ်တိုင် လက်နှင့် ရေးပြီး စာပြန်ခဲ့သည်။ ပထမဆုံးစာကြောင်း၌ `ကျွန်တော်တို့ရဲ့ အသင်းက မင်းတို့ရဲ့အသင်းဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့ ဂုဏ်ယူမိမှာပါ။ မင်းတို့ကိုလည်း ဂုဏ်တက်စေဖို့ ကျွန်တော်တို့ ကြိုးစားပါမယ်´ ဟူ၍ပါရှိသည်။…
ချီးမွမ်းခြင်းနှင့် တောင်းခံခြင်း
Teen Challenge ဟူသည့် ဆင်းရဲဒုက္ခထဲနစ်မွန်းနေသော လူငယ်များအတွက် ဧ၀ံဂေလိ သာသနာလုပ်ငန်းသည် နယူးယောက်မြို့မှ စတင်ခဲ့သည်။ ၎င်းသည် မထင်မှတ်ဘဲ ဆုတောင်းရန် ဆက်ကပ်ကတိပြုခြင်းမှ ပေါ်ပေါက်လာသည်။ ထိုသာသာနာလုပ်ငန်းကို တည်ထောင်ခဲ့သူ ဒေးဗစ် ၀စ်ကာစင် သည် သူ့တီဗီကိုရောင်းပြီး တစ်ညတစ်ည သူရုပ်မြင်သံကြားကြည့်သည့်အချိန် ၂ နာရီကို ဆုတောင်းရန် ဆက်ကပ်ခဲ့သည်။ နောက်လများတွင် ထိုအားထုတ်မှု၏ နောက်ဆက်တွဲလုပ်ငန်းအတွက် ရှင်းလင်းသောရူပါရုံကို ရရှိခဲ့ရုံမက ချီးမွမ်းခြင်းနှင့် ဘုရားရှင်ထံ မစမှုတောင်းခံခြင်း တွင် ညီမျှမှုရှိခြင်းအကြောင်းကို သင်ခန်းစာရခဲ့သည်။
ရှောလမုန်မင်း၏ ဗိမာန်တော်ကို ဆက်ကပ်အပ်နှံ ခြင်း ဆုတောင်းချက်တွင် ထိုညီမျှမှုကို ဖော်ပြထားသည်။ ရှောလမုန်သည် ဘုရားရှင်၏သန့်ရှင်းခြင်းနှင့်သစ္စာရှိမှုတို့ကို
အသားပေးဖော်ပြ၍ အစပြုထားသည်။ ထို့နောက် ဗိမာန်တော်ကို အောင်မြင်စွာ ဆောင်လုပ်နိုင်ခဲ့ခြင်းအတွက် ဘုရားရှင်၏ကြီးမြတ်တော်မူခြင်းကို အလေးပေးချီးမွမ်းကာ ဘုရားရှင်ကိုဘုန်းပေးခဲ့သည်။ ‘‘ကောင်းကင်နှင့် ကောင်းကင် တကာတို့၏အထွတ် အမြင့်ဆုံးသောကောင်းကင်သည် ကိုယ်တော်ကို…
ကိုယ်ဖော့ပြီးနားပါ
နေရောင်ခြည်ကြောင့် ကျွန်မရှေ့မှ ရေကူးကန်ရေမျက်နှာပြင်မှာ တဖိတ်ဖိတ်တောက်ပ နေသည်။ ရေထဲ၌ အချိန်အတန်ကြာလေ့ကျင့်နေသည့်သင်တန်းသားအသစ်တစ်ဦးကို နည်းပြက ညွှန်ကြားပို့ချနေသည်ကိုလည်း ကြားနေရသည်။ “မင်းကြည့်ရတာ ပင်ပန်း နေပုံပဲ၊ ခြေကုန်လက်ပန်းကျပြီး၊ ရေနက်ထဲရောက်နေတဲ့အချိန်မှာ ကိုယ်ဖော့ပြီးနားပါ” ဟုပြောသည်။
ဘ၀အသက်တာ၌ အချို့သောအခြေအနေများတွင် မိမိ၏စိတ်ပိုင်း၊ ခန္ဓာပိုင်းဆိုင်ရာ စွမ်းအင်များသုံးကာ ရပ်တည် ရပြီး နောက်ဆုံး မိမိဘာသာမခံရပ်နိုင်သည့် အခြေဆိုက် တတ်သည်။ ဒါဝိဒ်က ရန်သူများ သူ့ကို ခြိမ်းခြောက်ပြီး၊ ၎င်းတို့၏အမျက်ဒေါသဒဏ်ကို သူခံစားခဲ့ရသည့်အချိန်ကို ဖော်ပြလျက် သူရင်ဆိုင်နေရသည့် ဆင်းရဲခြင်းဝေဒနာမှ သူလွတ်မြောက်လိုသည်။
ထိုဝေဒနာများကို ဆက်တိုက်ခံစားရစဉ် သူ၏ပူပန်မှုအတွေးများကြားမှ ငြိမ်ဝပ် အနားယူရန် နည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့သည်။ သူက “ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား၌ ချထားလော့။ သင့်ကို မစတော်မူမည်” (ဆာ၊ ၅၅း၂၂) ဟုပြောခဲ့သည်။ ကျွန်မတို့၏ပြဿနာများကို ကိုယ်တော်ထံသို့ ရဲဝံ့စွာအပ်နှံပါက ဘုရားသခင်သည် ကျွန်မတို့ကို ထောက်ပံ့မည်ဖြစ်ကြောင်း…
ကျေးဇူးတော်ဖြင့် ကျေးဇူးပြုခြင်း
ကျွန်မကို စာမေးပွဲအဖြေလွှာစာရွက်ပြနေသည့် သား၏မျက်လုံးများမှာ စိတ်လှုပ်ရှားမှုဖြင့်
အရောင်တောက်နေသည်။ ၎င်းမှာ သင်္ချာအဖြေလွှာ ဖြစ်ပြီး အနီရောင် ကြယ်တစ်ပွင့်နှင့် အမှတ်ပြည့် ၁၀၀ ရရှိထားသည်။ စာမေးပွဲအကြောင်း ပြောသောအခါ ‘‘ဆရာမက အချိန်စေ့ပြီလို့ ပြောတော့ ဖြေဖို့ မေးခွန်းသုံးခုကျန်သေးတယ်လို့ သားပြောလိုက်တယ်’’ ‘‘ဒါဆို အမှတ်ပြည့် ဘယ်လိုရလဲ’’ ဟု ကျွန်မမေးလိုက်ရာ “ဆရာမက ကျေးဇူးပြုတယ်။ အချိန်စေ့ပေမယ့် ဆက်ဖြေခွင့် ပေးခဲ့တယ်’’ ဟု သားက ပြန်ဖြေသည်။
ကျွန်မတို့သားအမိနှစ်ဦးမှာ ကျေးဇူးတော်အကြောင်း ပြောဆိုရင်း ဘုရားသခင်သည် ခရစ်တော်အားဖြင့် ကျွန်မ တို့နှင့် ထိုက်တန်သည် ထက်ပို၍ ပေးခဲ့ကြောင်း ညွှန်ပြခဲ့သည်။ အပြစ်များကြောင့် ကျွန်မတို့နှင့် ထိုက်တန်သောအရာမှာ သေခြင်းဖြစ်သည် (ရောမ ၃း၂၃)။ ‘‘ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်’’ (၅း၈)။ ကျွန်မတို့မထိုက်တန်သော်လည်း သန့်ရှင်းမြင့်မြတ်၍ အပြစ်နှင့်ကင်းစင်သော…
အမြင့်မှ ပြုတ်ကျမှာစိုး
ကျွန်မသူငယ်ချင်း အယ်လိုင်း အမြင့်မှ ပြင်းပြင်းထန်ထန် ပြုတ်ကျခဲ့ပြီး သက်သာလာ သောအခါ ဆေးရုံအလုပ်သမားက ပြုတ်ကျဒဏ်ရာ ဟူ၍ ရေးသားထားသည့် အရောင်တောက်တောက် လက်ပတ်ကို သူမ၏လက်ကောက်ဝတ်၌ ၀တ်ဆင်ပေး ခဲ့သည်။ အဓိပ္ပာယ်က ဤလူနာကို သေသေချာချာ ဂရုစိုက်ပေးပါ။ ကိုယ့် ခြေထောက်ပေါ် ရပ်နိုင်လောက်အောင် သူ့ခြေထောက်များ မတည်ငြိမ်သေး။ ထို့ကြောင့် တစ်နေရာမှ တစ်နေရာသို့ သွားလာရာတွင် ကူညီ ပေးပါ ဟူ၍ ဖြစ်သည်။
၁ ကော ၁၀ တွင်လည်း အမြင့်မှပြုတ်ကျဒဏ်ရာရ သကဲ့သို့အဖြစ်မျိုး မဖြစ်အောင် ယုံကြည်သူများကို သတိပေး ထားသည်။ ရှေးဘိုးဘေးများကို ဆင်ခြင်ကြည့်လျက် လူသားသည် အပြစ်နွံထဲ ကျွံကျနိုင်ခြေရှိကြောင်း ရှင်ပေါလု
သိမှတ်ခဲ့သည်။ ဣသရေလလူမျိုးများသည် ညည်းတွား ခဲ့ကြသည်၊ ရုပ်တုကိုးကွယ်ခဲ့ကြသည်၊ ဖောက်ပြန်သော ဆက်ဆံရေးများ ရှိခဲ့ကြသည်။ ဘုရားရှင် စိတ်ညှိုးနွမ်းခြင်း ရှိ၍…
ခြောက်ပြစ်ကင်း မဟုတ်သော
Jumping Through Fires စာအုပ်၌ ဒေးဗစ်နက်စာ က သူ၏ဝိညာဉ်ရေးရာခရီးအကြောင်း
ကို ပြောပြထားသည်။ ခရစ်တော်နှင့်သူမိတ်သဟာယမဖွဲ့မီက သူသည် ဆယ်ကျော်သက် ခရစ်ယာန်တစ်စုနှင့် သူငယ်ချင်းဖြစ်ခဲ့သည်။ များသောအားဖြင့် သူ့ရောင်းရင်းများက ပေးကမ်းရက်ရောပြီး၊ ချစ်ခင်စရာကောင်းသည်။ အပြစ်မမြင်တတ်သူများဖြစ်သော်လည်း သူတို့ထဲမှတစ်ယောက်သည် သူ့ချစ်သူမိန်းကလေးအား လှည့်စားခဲ့ကြောင်း ဒေးဗစ် သိခဲ့သည်။ သည့်နောက် အပြစ် ရှိကြောင်းခံစားရလျက် ထိုလူငယ်က သူ့အပြစ်ကိုဝန်ချပြီး သူမထံမှ ခွင့်လွှတ်မှု တောင်းခံခဲ့သည်။ ထိုအကြောင်းကို ဆင်ခြင်လျှက် ထိုအဖြစ်အပျက်က သူ့အား သူတို့နှင့်ပို၍ ရင်းနှီးစေသည့်အကြောင်းရင်းဖြစ်ခဲ့သည်ဟု ဒေးဗစ် ရေးသား ခဲ့သည်။ ကျေးဇူးတော်ကို သူလိုအပ်သကဲ့သို့ သူတို့လည်း ကျေးဇူးတော် လိုအပ်ကြောင်း သူသဘောပေါက်ခဲ့သည်။
မိမိနှင့်ခင်မင်ရင်းနှီးသိသူများနှင့် ပေါင်းသင်းဆက်ဆံရာ၌ ပြောစရာ အပြစ်ဆိုစရာ မရှိသကဲ့သို့ လုပ်ပြစရာ မလိုပါ။ မိမိသည် အမှားများနှင့် ရုန်းကန်နေကြသူဟု ရိုးသားစွာ ၀န်ခံရခြင်းက ပြဿနာမရှိ၊…